Frequency Masking
- Leo micro
- Aug 27, 2020
- 1 min read
Frequency Masking

ဒီတစ်ခေါက် ပြောပြမှက အခုမှ လေ့လာ နေတဲ့ လူတွေအတွက် အရေးကြီသလို တစ်ချို့ သင်တန်းတွေမှာ ပြောရကောင်းမှန်း မသိလို့ မပြောလိုက်တဲ့ အရာ Frequency Masking ပါ
Frequency Masking ဆိုတာ ဘာလဲ ?
Frequency Range တူညီတဲ့ Element တွေကို တပြိုင်နက်တည်း မှာ နှစ်ခု ဒါမှမဟုတ် နှစ်ခုထက် ပိုပြီး တစ်ချိန်ထဲ တီးလိုက်တဲ့အခါ Amplitude များတဲ့ ကောင်က နဲတဲ့ကောင်ကို Masking လုပ်လိုက်ခြင်းဖြစ်ပေါ်် စေပါတယ် ။ လူအကြားအာရုံ ကိုက တူညီတဲ့ Frequency အသံတွေကို ပေါင်းစပ်ပြီး ပဲ ကြာတာဖြစ်တဲ့အတွက်တစ်ခု ခြင်းစီ ကြားရဖို့ဆိုတာ မလွယ်ကူပါဘူး ဒီဖြစ်စဥ်ကို Frequency Masking လို့ခေါ်ပါတယ် ( Band Masking , Auditory Masking လို့လဲခေါ်ပါသေးတယ် )
ဘာတွေဖြစ်လာနိုင်သလဲ ? ဥပမာ .
Piano နဲ့ H-H ဟာ Highမှာ Frequency Range တူတဲ့ Element ဖြစ်တာအညီ တစ်ကောင်က တစ်ကောင်ကို Mask အုပ်တော့မှာပါ အဲ့အခါ Mixing ရဲ့ ရလဒ် ကတော့ High မှာ Pinging Madness တွေ ဖြစ်လာနိုင်ပါတယ် နောက်တစ်ခု Kick နဲ့ Bass ဆိုပါစို့ သူတို့ က Frequency Range ခြင်းတူတဲ့အပြင် Location ကအစ တူနေပါတယ် နှစ်ကောင်စလူံး က Center မှာနေတဲ့ ကောင်တွေဆိုတော့ ဖြစ်လာနိုင်ခြေကတော့ Bass ရဲ့ Low end နဲ့ Kick ရဲ့ Low end တွေ Fight ကြပြီး Mixing ရဲ့ ရလဒ်ကတော့ Low မှာ Muddiness ရလဒ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်
ဘယ်လိုရှင်းမလဲ ?
အိုခေ သူ့ကို ရှင်းထုတ်မယ်ဆို နည်းလမ်းတွေ အများကြီးရှိပါတယ်
အဲ့ထဲက လူတိုင်း အလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းကတော့
1 Panning
2 Eqing
1 Panning
Masking ဖြစ်စေမယ့် Element တွေကို မတူညီတဲ့ Location မတူညီတဲ့ Side မှာထားပြီး Masking ဖြစ်တာကို ဖြေရှင်းလို့ရပါတယ် Piano နဲ့ H-H လိုကောင်မျိုးတွေမှာ ဒီနည်းလမ်းဟာ အသုံးဝင်ပေမယ့် Center မှာ ထားရတဲ့ ဟာမျိုးတွေ နောက် Mono Mix မှာ ဆို ဒီနည်းလမ်း က သုံးလို့မရတော့ပါဘူး
2 Eqing Eqing Principal အပိုင်းတွေကျွန်တော်ရေးပေးပြီးသားပါ ဖတ်ပြီးနားလည်သဘော ပေါက်တဲ့ သူတွေဆို အခုပြောထားတာကို ရှင်းပါလိမ့်မယ် အိုခေ စမယ် ပထမဦးဆုံး စစဥ်းစားပါ ဘယ် Element ကို Front မှာထားမှာလဲ ဘယ် Element ကို Back မှာ ထားမှာလဲ Front မှာထားမယ့် Element ကို သူ့ရဲ့ Important Frequencies တွေကို Boost လုပ်ပေးပြီး Back မှာ ထားမယ့် Element ကိုကြတော့ Front က Element မှာ Boost ထားတဲ့ Range အတိုင်းကို Cut လုပ်ပေးခြင်းအားဖြင့် Masking ကို ဖြေရှင်းလို့ရပါပြီး တစ်ခုတော့ ရှိတာက အလွန်အကျူးကြီးတွေ Eqing လုပ်ရင်တော့ Mix ရဲ့ ရလဒ်ဟာ Lazy mix ဖြစ်သွားနိုင်ပါတယ်
コメント