ကျွန်တော် အသုံးများသော Compressor 10 မျိုး
- Leo micro
- Nov 10, 2020
- 2 min read
Compressor ဆိုတာတော့ အသံတစ်ခုရဲ့အတိုးဆုံးအပိုင်းနဲ့ အကျယ်ဆုံးအပိုင်း တွေဖြစ်တဲ့ Dynamic Range တွေကို လိုတိုးပိုလျော့ လုပ်ပေးရတဲ့ Tools တစ်ခုဆိုတာ သိပြီးသားဖြစ်ကြမှာ ပါ Vari-Mu , J-FET , Optical , VCA စတဲ့ မတူညီတဲ့ Type တွေ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့မတူညီတဲ့ အရသာတွေကို idea နဲ့ လေ့လာဆည်းပူးမှု၊ အတွေ့ကြုံ စတာတွေနဲ့ အသုံးပြုရပါသေးတယ် ဟိုလူသုံးလို့ ကောင်းမှာပဲဆိုတာမျိုးကတော့ Compressor မှာမှမဟုတ်ပါဘူး Audioလောက မှာရှိကို မရှိတာပါ Personal သဘောအရ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ့တာတွေမတူကျပါဘူး အကြိုက်တွေ့တာခြင်းတူရင်တောင် အသုံးပြုပုံ မတူပြန်ပါဘူး အခုတော့ ကျွန်တော်ရဲ့ Personal အသုံးပြု ပုံနဲ့ အသုံးများတဲ့ Compressor 10 မျိုး ကိုရေးပေးလိုက်ပါတယ်
1 CL1B
CL1B tube compressor ကတော့ Optical အမျိုးအစားထဲက တစ်ခုပါပဲ ကျွန်တော်က တော့ သူ့ကို Vocal Track မျာ အဓိက ထားသုံးလေ့ရှိပါတယ် တခါတလေ Piano ပေါ်မှာလဲ သုံးလေ့ရှိပါတယ်
လက်ရှိတော့ Softube ကထုတ် UAD DSP Plugins CL1B က သုံးနေပါတယ်
2 La-2a
LA-2A ဟာဆိုရင်လဲ optical အမျိုးအစားတွေထဲ က တစ်ခုဖြစ်ပြီး သူ့ကို တော့ Pop vocal အမျိုးစားတွေမှာ အဓိက ထားသုံးပါတယ် UAD က LA-2A Legacy နဲ့ Wave က 2A ကို သုံးပါတယ်
3 1176
FET type အမျိုးစား ဖြစ်တဲ့ 1176 ကိုတော့ Warm ကထုတ်တဲ့ Hardware 1176 ကို လက်ရှိမှာတော့ သုံးနေပါတယ် Aggressive လား Smooth လား လိုချင်တာ ရတဲ့ ဒီကောင်ကိုတော့ Kick , Snare , Guitar , Bass နဲ့တခါတလေ Vocal လိုင်းတွေမှာ သုံးပါသေးတယ်
4 Drawmer S73
Multi-Band compressor တစ်ခုဖြစ်တဲ့ Drawmer S73
ကိုတော့ Bass တွေ Drum OH တွေ နဲ့ Mixbus တွေ မှာ သုံးလေ့ရှိပြီး သူ့ရဲ့ Style တွေထဲက Clarity type နှစ်ခုနဲ့ Punch ကတော့ ကျွန်တော် အကြိုက်ဆုံး Style တွေပါပဲ
5 dbx 160
VCA အမျိုးစားတဲ့ တစ်ခုဖြစ်တဲ့ dbx 160 ကိုတော့
Drum လိုင်းတွေ Punch ဖြစ်စေချင်တဲ့အခါမျိုး Paino အသံတွေ ရှေ့တွန်းပို့ချင်တဲ့အခါမျိုးမှာ တော့
သူဟာဆရာတစ်ပါးပါပဲ
6 Distressor
Distressor က တော့ 1176 , LA-2A , 3A နဲ့ တခြား Modren တွေ ကို တစ်ခုထဲနဲ့ရနိုင်တဲ့ Compressor တစ်ခုပါ Drume Bus တွေ Drum Room တွေမှာ တော့ သူမှ သူပါပဲ လက်ရှ်တော့ UAD ကဟာကို သုံးနေပါတယ်
7 Farchild 660/670
သူကတော့ Music type အမျိုးအစားမရွေးအသုံးပြုလို့ရတဲ့ compressor တစ်ခုဖြစ်ပြီး ကျွန်တော်ကတော့ Bus တွေ မှာ သုံးလေ့ရှိပါတယ် Glue , Warmth ဖြစ်စေပါတယ်
8 SPL Iron
Iron Model 1520 Mastering Compressor ကတော့ Tube-based type Stereo comp/Limiter တစ်ခုကို Plugins Alliance ကထုတ်တဲ့ SPL Iron ကို သုံးနေပါတယ် သူ့ကို တော့ Mix bus တွေနဲ့ Mastering Process တွေမှာ အဓိကထားသုံးပါတယ်
9 Hornet Dynamic Control
Italy အသေးစား Plugins ထုတ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Hornet ကထုတ်တဲ့Dyn Control ကိုတော့ Upward compressor အနေနဲ့ အသုံးပြုရတာ အရမ်းကြိုက်သလို ကျွန်တော် Live လွှင့်တဲ့အခါ Mic အဝင် Line မှာလဲ Broadcast Compressor အနေနဲ့ပါသုံးလေ့ရှိပါတယ်
10. The Glue
SSL E -Series က Bus ကို အခြေခံထားတဲ့ The Glue ကိုတော့ Bus လိုင်းတွေမှာ အသုံးများပါတယ်
Audio Signal အတွက် tonal colorration နဲ စေတာရယ် (transparent )နာမည်အတိုင်း Glue ဖြစ်တာရယ်ကြောင့်ကို အကြိုက်တွေ့စေပါတယ်
ဒီ Article လေးစရေးတော့ ၁၀ မျိုးပဲဆိုပေမယ့် နောက်ထက် ကျွန်တော့် အရမ်းကြိုက်တဲ့ Comprseeor ၂ မျိုးကျန်ပါသေးတယ်ဗျ
Manely Vari-mu နဲ့ Shadow Hill တို့ ပါ UAD က Plugins ကိုပဲ သုံးဖြစ်နေပါတယ် ။
Comments