Slate Digital / Plugin-Alliance ( In my opinion )
- Leo micro
- Nov 24, 2020
- 1 min read
လာမယ့် ( Friday ) မှာ FG -2A နဲ့ Custom OPTO ဆိုပြီး Slate မှာ အသစ်နှစ်ခု ထက်တိုးပါမယ်
FG-2A ကတော့ LA-2A ကို emulate လုပ်ထား ဆိုပေမယ့်
နောက်ထက် Optical ထဲကက Custom Opto ကတော့ CL1B emulate လုပ်ထားတာ မဟုတ်ဘူး ။
CL1B ဆိုတာက တနည်းအားဖြင့် L-2A ကို Modify ( Moded )လုပ်ထားတဲ့ ဟာလို့ပြောလို့မမှားဘူး
ပေါ့ အခု သူ့မှာ (Custom Opto ) CL1B ထက် Option တွေ ထက်ပါလာပြီး classic opto circuit တွေပဲ အသုံးပြုထားပေမယ့် CL1B ထက် result ပိုကောင်းကြောင်းတော့ ဆရာကြီ Steven က (လေတိုက်)ပြောထားပါတယ် 😁😁
# Custom Opto က နောက်ကြနိုင်တယ် ( Maybe)
# FG-2A ကတော့ Beta Version ကို Pro တွေကိုပေးစမ်းထားပြီးပြီလို့လဲပြောထားပါတယ်
အခု တစ်လကို Slate ရဲ့ all access pass 9.99 USD နဲ့ တစ်သောင်းခွဲပဲ ရှိပါတယ် ( အတိအကျကို သူတို့ website မှာ ဖတ်ပါ ကျန်လတွေမှာ စျေးနှုန်းမတူပါ)
ကျွန်တော့် အမြင်က ဘယ်လိုရှိလဲ ?
ကျွန်တော့် အမြင်က ဘယ်လိုရှိလဲ မေးလာရင် Mixing အတွက်ဆို Slate ရဲ့ Stuff ဟာ ပြီးပြည့်စုံတယ် ဆိုတာ ငြင်းမရဘူးဗျ ဒါပေမယ့် Mastering အတွက်ဆိုရင်တော့ တကယ့် Mastering Legend Gear တွေကို emulate ထားတာတွေက PA ( Plugin Alliance ) ဘက်မှာရောက်နေတယ် ဥပမာ Elysia , Shadowhill , BAX , Maag Audio , SPL တကယ့်ဒိတ်ဒိတ်ကျဲတွေ အကုန် PA မှာ ရှိနေပြန်တယ် ဈေးကတော့ PA ရဲ့ Mix & Master ဈေးက 19.99 $ သုံးသောင်း လောက်ရှိမယ် ။
ယူသင့်မယူသင့် ?
ယူမလားမယူဘူးလားကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါ ဒီနေရာမှာ ကျွန်တော့် အတွေ့ကြုံလေးနဲနဲ ပြောပြမယ်။ ကျွန်တော်ဆို Slate နဲ့ T-Rack ကို မသုံးခဲ့တာ နှစ်နဲ့ချီနေပါပြီ Wave တောင် လိုတာလေးတွေပဲ သွင်းထားတယ် ၊ စကားပြန်ဆက်ရရင် Slate က အချို့ Stuff တွေက တကယ်ကို ကောင်းလွန်းတယ် တခါတလေ အဲ့တစ်ခု နှစ်ခု အတွက် Slate ကို ပြန် လိုချင်ပေမယ့်
Mastering အတွက်ပြန်စဥ်းစားရင်တော့ သူ့မှာ ပါတာနဲ့လဲ ဖြစ်တယ်ဆိုပေမယ့် သိတယ်မဟုတ်လား ကျွန်တော်ပြောချင်တာ တကယ် Shinning ဖြစ်စေလောက်တဲ့ကောင် လုံးဝကြီး ခင်ဗျားရဲ့ Master ကို Colourful ဖြစ်စေချင်တာဆိုရင် မလုံလောက်ဘူး လို့ ကျွန်တော့် အမြင်လေးကို Sharing လုပ်ရင်း Slate Service ကို ယူဖို့ Bro အတွက်လဲ တစ်စုံတစ်ရာ အထောက်ကူဖြစ်မယ်လို့မျှော်လင့်ရင်းဒီနေ့တော့ ဒီလောက်ပါပဲဗျာ
Comments