𝙴𝚚𝚒𝚗𝚐 𝙿𝚛𝚒𝚗𝚌𝚒𝚙𝚕𝚎𝚜 ( 𝙿𝚊𝚛𝚝 3)
- Leo(micro)
- May 28, 2020
- 1 min read
Wide Q 1st
Mixing Process ဟာ သီချင်း နားထောင်ရတဲ့သူတွေကို ခံစားလို့ကောင်းအောင် နားဝင်ပီယံဖြစ်အောင် တဖြည်းဖြည်း တန်ဆာဆင် ရတဲ့အလုပ်ဖြစ်ပါတယ် အဲ့ဒီအတွက်များများလေ့ကျင့်ဖို့လဲလိုပါတယ်၊
ကဲ Wide Q 1st ဆိုတာဘာလဲ ? ဒီလိုဗျ ကျွန်တော် စာသင်ရတဲ့ တစ်လျှောက် သင်တန်းသားတော်တော်များများဟာ ကျွန်တော် Cut လုပ်တယ် Boost လုပ်တယ် ( ကျွန်တော်လုပ်တာကလဲ -1,-2 +1+2 အခြေနေမှာပေါ့ဗျာ) ဆိုတော့ သူတို့နားထဲ မပြောင်းလဲဘူးလို့ထင်ကြတယ်၊ မှန်ပါတယ် လေ့ကျင့်မှု အထိတွေ့ အားနည်းနေသေးလို့ပါ ကျွန်တော့်အလှည်းတုန်းကလဲ ဒီလိုပါပဲ အခုပြောမယ့် Wide Q 1st ဆိုတာက Q ကို Wide လုပ်ပြီး Cut Or Boost လေ့ကျင့်ခိုင်းတာပါ Q =1 ပဲဖြစ်ရပါမယ် Q ကို Wide သုံးတဲ့အခါ အခုမှ စလေ့ကျင့်မယ့် သူတွေ အတွက် ပိုပြီး ဘယ်နေရာမှာ Cut လုပ်သင့်သလဲ ဘဟ်နေရာမှာတော့ Boost လုပ်သင့်လဲ ဆိုတာ ပိုမြင်လာပါလိမ့်မယ် နောက်ပြီး ကျွန်နော် ပြောပြထားတဲ့ 4 -ZONE Mix နဲ့ ပြန်ချိန်စလုပ်မယ်ဆို ကျွန်တော်တို့သီချင်းအတွက် ပိုပြီး အကျိုးရလဒ်ကောင်းတွေ ဖြစ်ထွန်းနိုင်ပါတယ်
နောက်တစ်ခု ဆက်ရှင်းပြချင်တာ အတိုချူံးပေါ့နော် သိပြီးသားဖြစ်ကြမှာပါ
Eq Controls Filter Explained
HPF : High Pass Filter က အားလုံးလဲ သိပြီးသားဖြစ်မှာပါ သူကတော့ Low ဘက်ခြမ်းကို Frequency knob ကိုလှည့်ပြီး ကို Cut လုပ်ပြစ်ချင်တဲ့ amount တစ်ခုပေါ့ ရှာပြီး Cut လုပ်လို့ရတယ် ဥပမာ hum သံတွေ ရှင်းထုတ်ချင်တာမျိုး ပေါ့ သိပ်အသုံးဝင်တယ်
LPF ကတော့ HPF နဲ့ပြောင်းပြန် HIgh ဘက်ခြမ်းကို မလိုချင်တာခါ Cut တဲ့ကောင်ပေါ့
HPF : ရော LPF ပါ သုံးထားတဲ့အခြေနေကို Band Pass Filter လို့ခေါ်ပါတယ်
Shelving Filter : အဲ့ကောင်ကတော့ (Pro tools 7BandEq က High နဲ့ Low Band နှစ်ခုမှာ ပါပါတယ် Bell ဘေးနားက ခရင်းဂွလိုလိုဘာလိုလိူလေးပေါ့ ) Shelving Filter ကို တနည်းအားဖြင့် Ultimate Wide Q လို့လို့လဲပြောလို့မှတ်ထစင့်တယ် သူ ရဲ့ Q ဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို သတိထားရမယ် သူ့ကို အခြေနေ နှစ်ရပ်ပေါ်မူတည်ပြီး သုံးလို့ရတယ် Brighter / Dacker ( ဒါမွမဟုတ္) Thicker / Thinner
High - Shelf Filter ကို 1khz ဒါမှမဟုတ် သူ့ထက်မြင့်တဲ့နေရာမှာ ထားမယ်ဆိူ ဥပမာ 2Khz 3khz စသည်ဖြင့်ပေါ့ထားမယ်ဆ်ု Brighter (or) Darker Soundကို ရပါမယ်
Low Shelving Filter ကို 1Khz or Less မှာ ထားပြီး ကျွန်တော်ကတော့ Instrument ရဲ့ အသံကို Thicker or Thinner လုပ်လေ့ရှိပါတယ် ။
Part (4) coming soon
#Audio Arr Luu
Comments