top of page
Search

𝙴𝚚𝚒𝚗𝚐 𝙿𝚛𝚒𝚗𝚌𝚒𝚙𝚕𝚎𝚜 ( 𝙿𝚊𝚛𝚝 1 )

The Front and Back Mixing Paradigm

*************************************************

ကျွန်တော်တို့Mixing ဆွဲတဲ့အခါ Instrument တွေကို နေရာနှစ်ခုမှာထားဖို့အတွက် ယေဘူယျ အားဖြင့်စဉ်းစားလို့ရပါတယ် အဲ့နှစ်နေရာကတော့ Front နဲ့ Back ပါပဲ Mixing ဆွဲတဲ့ခါ ဘယ် Instrument ကတော့ အရှေ့မှာ ရှိသင်တယ် တနည်းအားဖြင့် နားထောင်သူနဲ့နီးကပ်နေရမယ်ပေါ့ ဒါမှာမဟုတ် အနောက်ဘက် ကိုပို့မလား အသံကခပ်လှမ်းလှမ်းက ကြားနေရတဲ့ အနေထားမျိုးပေါ့

နောက်တစ်ခုက ကျွန်တော်က သူများ သီချင်းကို Reference ယူပြီး Mixing လုပ်မယ် ဆို သူ့ထဲမှာ ပါတဲ့ Instrument တွေ အထားသို ကိုအရင် စနားထောင်တယ် နားထောင်တဲ့အခါ မျက်လုံးတွေ ပိတ်ပြီးတော့ နားထောင်တယ် မျက်လုံး ပိတ်ထားခြင်းအားဖြင့် ကိုယ်အာရုံစိုက်ခြင်တဲ့ Element တွေစီ သေချာ အာရုံစိုက်နိုင်တယိ မဟုတ်ပဲ မျက်စိဖွင့်ထားမယ်ဆို သေချာအာရုံမစိုက်နိုင်ပဲ မျက်စိက မြင်မြင်သမျှလိုက် ကြည့်ရင်း နားထောင်တဲ့ စွမ်းရည်ကျသွားနိုင်လို့ပါ

အဲ့တော့ ဘယ်လိုမျိုး အသံတွေဟာ ဘယ်အခြေနေမှာ ဆိုရင် Front မှာ ရှိနေတက်သလဲ Back မှာရှိနေတက်သလဲကို အချက်သုံးချက်စီနဲ့ပြောပြပေးပါမယ်

Front မှာရှိတဲ့ အသံတွေဟာဆိုရင်

1 . Volume များမယ် (Back ထက်စာရင်)

2. High Frequency content များမယ်

3. Reverb နဲမယ်

Back မှာရှိတဲ့ အသံတွေကတော့ Front နဲ့ဆန့်ကျင်ဘက်ပေါ့

1. Volume နဲမယ် (Front ထက်စာရင်)

2. High Frequency Content နဲမယ်

3. Reverb များမယ်

ဆိုတော့ ဒီ Front / Back လေးကဘာမှမဟုတ်ဘူး လို့မထင်လိုက်ပါနဲ့သေချာအာရုံစိုက်လေ့ကျင့်မယ်ဆို

ကိုယ်ဆွဲနေကျ Mixing အတိုင်းမဟုတ်ပဲ မိမိ Mixing ရဲ့ Gain ဟာ Depth & Clarity ပို ဖြစ်လာတာတွေ့ရပါမယ်

#Audio Arr Luu

Part ( 2 ) coming soon


 
 
 

Comments


©2017 BY FREQUENCYSTUDIOYANGON.

bottom of page