top of page
Search

𝙳.𝙰.𝚆 𝙷𝚒𝚜𝚝𝚘𝚛𝚢 𝚊𝚗𝚍 𝙼𝚢 𝚘𝚙𝚒𝚗𝚒𝚘𝚗

Digital Audio Workstation လို့ခေါ်တဲ့ D.A.W ကိုသုံးကြတာတော့ 1991 ဝန်းကျင်လောက်ထဲက သူ့အကြိုက် ကိုယ့်အကြိုက်ပါပဲ ၊ Pro Tools မှ Cubase မှ ဟိုဟာ မှ ဒီဟာမှ ကောင်းတယ် အသံထွက်ပိုကောင်းတယ် ဆိုတာ သေချာရေရာတဲ့ research လုပ်ထားတဲ့ Data မရှိသေးပါဘူး ထင်ကြေးနဲ့ပဲ လျှောက် ရမ်းတုတ်နေတာပါ ၊တစ်ခုတော့ရှိတာပေါ့ D.A.W တစ်ခုမှာ ပါတဲ့ feature တစ်ခုက ကျန်တစ်ခုမှ မရတာမျိုး ခက်နေတာမျိုး တွေတော့ အနဲနဲ့အများတော့ရှိပါတယ် ၊ အခု လက်ရှိ လူအသုံးများဆုံးကတော့ Pro Tools လို့ပြောရင် မမှားဘူး ကျန်တဲ့ D.A.W ထက် ကောင်းလို့လား ပေါ့ အဲလိုမဟုတ်ပါဘူး ကျွန်တော်အမြင်နဲ့ အနီးစပ်ဆုံး ကိုယ်တွေ့ကတော့ အလုပ်အတူတူချိတ်ဆက် လုပ်လို့ရတာပါပဲ ဆိုလိုတာက ခင်ဗျားလဲ Pro Tools ကျွန်တော်လဲ Pro Tools သုံးတယ်ဆိုကြပါစို့ ကျွန်နော့် Studio မှာ ခင်ဗျာ Vocal အချောဆိုပြီး ကို့အိမ်မှာကိုယ် Multi ထပ်မယ် ဆိုရင် File လိုက်ယူပြီး ဖွင့်ယုံပါပဲ Studio မှာ edit လုပ်ထားသမျှ Leveling တွေ Pan တွေ အကုန် Studio ကချိန်ထားတဲ့ အတိုင်း အိမ်မှာ သူံးလို့ရမယ် ဒါမျိုး Network မိတဲ့ အတွက် D.A.W တစ်ခုကို အသိုင်းဝိုင်းဖွဲ့ပြီး သုံးလာကျတာတော့ လက်တွေ့ဆန်ဆန်နဲ့ ဘာကြောင့် ဒီ D.A.W အသုံးများလဲ ဆိုတာ ရဲ့မေးခွန်းရဲ့အဖြေဖြစ်ပါမယ်၊ အဲ့ဒါမှ လက်မခံသေးရင် ထက်ပြောပြပါမယ် ကမ္ဘာ့ ပထမဆုံး D.A.W ဖြစ်လာမယ့်ကောင်တွေဟာ 70/80 ပြည့်နှစ် တွေမှာ ဇာတ်လမ်းစခဲ့တယ် 1977 မှာ Dr. Thomas ရဲ့ Soundstream ကနေ Digital Recorder ကို စမ်းသပ်တီထွင်ခဲ့တာနေစပါတယ် D.A.W ရဲ့ ပထမ မျိူးဆက်ပေါ့ ၊

ဒါပေမယ့် အဲ့အချိန်က D.A.W တစ်ခု သုံးဖို့ဆိုတာ အခုလိုမလွယ်ကူဘူး D.A.W နဲ့ ဆွေမကင်းမျိုးမကင်းက တော့ Computer ပါ (D.A.W အကြောင်းပြောမယ်ဆို သူ့ပါပြောမှရမယ် သူနဲ့ ပဲ Program ရေးရမှာကိုး) အဓိက ပြသနာကတော့ Computer ရဲ့ Size နဲ့ Storageရဲ့ စျေးနဲ့ သူ့ရဲ့ အရွယ်အစားပါပဲ အဲ့အတွက် စားရိတ်ဟာ လုပ်ငန်းရှင်တွေ အတွက် ခေါင်းခဲစေတာအမှန်ပဲ ၊ 1980 နောက်ပိုင်းမှာတော့ Apple တို့ Atari တို့လို့ ကောင်တွေကြောင့် ဒီပြသနာဟာ ပြေလည်သွားပါတယ် အဲ့ကနေ 1984 ခုနှစ်မှာ တော့ Computer Sience ပညာရှင် Peter Gotcher နဲ့ Electronic Engineer Even Brooks တို့ နှစ်ယောက်က နေ Pro Tools ဖြစ်လာမယ့် ကောင်ကို စတင်တီထွင်ခဲ့ကြပြီး 1994 မှာတော့ Audio Sample တွေ Edit လုပ်လို့ရတဲ့ two-track CD mastering လုပ်နိုင်တဲ့ 4 track edit/ record D.A.W ကို စျေးကွက်ထဲ ထုတ်ခဲ့ပါ တယ် အဲ့ဒါကတော့ Pro Tools ပါပဲ အဲ့ချိန်ကစပြီး Pro Tool ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါတယ် သူနဲ့ အပြိုင်ကတော့ Atari က ထုတ် တဲ့ Cubase ပါပဲ....... 1996 အရောက်မှာတော့ 32 track ထိဖမ်းလို့ရတဲ့ D.A.W တွေရှိနေပါပြီ 2020 မှာတော့ D.A.W အသစ်တွေက နည်းပညာအသစ်တွေနဲ့အတူ သူ့ထက်ငါအပြိုင်ဆိုင်နဲ့ အလျှိုလျှိုထွက်နေတုန်းပါပဲ နောက်များမှာတော့ A.I နည်းပညာတွေရဲ့ အကူညီနဲ့ ဘယ်လို D.A.W တွေထွက်လာပြီး အသိုင်းဝန်းတစ်ခု ထက်ထူထောင်မလဲ ဆိုတာတော့............... #Audio_Arr_Luu #Leo_Micro #Frequency_Studio


 
 
 

Comments


©2017 BY FREQUENCYSTUDIOYANGON.

bottom of page